Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝေါမြို့နယ် အင်းတိုင်ခုံကျေးရွာ၌ မိုးရာသီစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်


07 Jul,2026

ဝေါမြို့နယ် အင်းတိုင်ခုံကျေးရွာ၌ မိုးရာသီစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
=====================================
ဝေါ၊ ဇူလိုင်-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ဂုဏ်ပြုသောအား ဖြင့် အင်းတိုင်ခုံကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာအဝင်လမ်း၌ စိုက်ပျိုးကြောင်းသိရသည်။
    ပထမဦးစွာ ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်း ငြိမ်းအိက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလမ်းစိုပြည်သည့် ပတ် ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥတုကိုလက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသများရရှိစေရန်နှင့် အသီးအရွက်များကို အလွယ်တကူ စားသုံးနိုင်ရန်အတွက် သစ်ပင်များစိုက်ပျိုးပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
    ထို့နောက် ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်း ငြိမ်းအိ ဦးဆောင်သောဝန်ထမ်းများ၊ အင်းတိုင်ခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သောကျေးရွာသူကျေးရွာသားများ၊ စုစုပေါင်းအင်အား ၅၅ ဦး တို့က ဒန့်ဒလွန်ပင် ၂၀၊ ကြောင်လျှာပင် ၂၀၊ သ ရက် ၅၈ ပင်၊ စိန်ပန်း ၁၀၂ ပင်၊ မန်ရှားပင် ၁၀၀၊ စုစု‌ပေါင်း ၃၀၀ ပင်ကို စိုက်ပျိုး‌ပေးခဲ့ကြောင်း ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိထံမှ သိရသည်။
ကိုညို(ကျေးလက်)
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်