Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မိုးရာသီစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်


07 Jul,2026

ဇီးကုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မိုးရာသီစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
=====================================
ဇီးကုန်း၊ ဇူလိုင်-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ထန်းရှစ်ပင်ကျေးရွာနှင့် သစ်စင်တောင်စုကျေးရွာတို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ စိုက်ပျိုးကြောင်းသိရသည်။
    ပထမဦးစွာ နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေး လွင်စိုးက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလမ်းစိုပြည်သည့် ပတ် ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥတုကိုလက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသများရရှိစေရန်နှင့် အသီးအရွက်များကို အလွယ်တကူ စားသုံးနိုင်ရန်အတွက် သီးပင်စားပင်များစိုက်ပျိုးပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပြီးနောက် ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုး၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်တို့က စိုက်ပျိုးပင်များကို ကျေးရွာတာဝန်ရှိသူများထံသို့ပေးအပ်သည်။
    ထို့နောက် နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင် သောဝန်ထမ်းများ၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သောဝန်ထမ်းများ၊ ထန်းရှစ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သောကျေးရွာသူကျေး ရွာသားများ၊ သစ်စင်တောင်စုကျေးရွာအုပ်ချုပ် ရေးမှူး ဦးဆောင်သော ကျေးရွာသူကျေးရွာသား များ၊ စုစုပေါင်းအင်အား ၁၁၇ ဦးတို့က ဒန့်ဒလွန် ပင် ၁၃၀ ၊ ကြောင်လျှာပင် ၁၀၀ ၊ ပေါက်ပန်းဖြူ ပင် ၁၂၀ ၊ စုစု‌ပေါင်း ၃၅၀ ပင်ကို ကျေးရွာတွင်း လမ်းနှင့် ကုန်ထုတ်လမ်း‌ဘေးဝဲယာတို့၌ စိုက်ပျိုး‌ ပေးခဲ့ကြောင်း ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်ထံမှ သိရသည်။
ချိုလေး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်