ဒဂုံအရှေ့ ဇူလိုင် ၆
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ရက်နေ့တွင်ကျရောက်သော (၁၀၄)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မေတ္တာတော် ရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ပြန်လည်ရွေးချယ်ပွဲအခမ်းအနားကို အမှတ်(၇) ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ၊ အသင်းသား၊ အသင်းသူများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဘာပတိ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ညွှန်နှင့် (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးတို့က အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ နှစ်ချုပ်အစီရင်ခံစာနှင့် အသင်း၏စာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားအတည်ပြုခဲ့သည်။
ဆက်လက်၍ မေတ္တာတော်ရောင်းဝယ်ရေးသမဝါယမအသင်းလီမီတက်၏ အမှုဆောင် အဖွဲ့ဝင်များအား အဆိုပြုထောက်ခံစနစ်ဖြင့် ရွေးချယ်ခြင်းနှင့် သဘာပတိမှ အတည်ပြုခြင်းဖြင့် အမှုဆောင်ကော်မတီသစ်ကိုရွေးချယ်တင်မြှောက်ခဲ့ပြီး အစုပေါ်အမြတ်ရငွေများနှင့် မြေပဲဆီ ၅၀ ဆယ်သားစီအား အသင်းသား၊ အသင်းသူ(၃၀)ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ
ရန်ကုန်တိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်