တောင်ငူ ဇူလိုင် ၆
ဇူလိုင် (၄) ရက်နေ့တွင် ကျရောက်မည့် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကန်းရိုး ကျေးရွာအုပ်စု၊ ကေတုမတီငါးမွေးမြူရေးကုန်ထုတ်သမဝါယမအသင်း(၁) လီမိတက်မှ ပြည်သူ များအား သက်သာသောစျေးဖြင့် ငါးများရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် တောင်ငူမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ နော်ဂျုံစီဒေးဗစ်နှင့် ဝန်ထမ်းများက “ပြည်သူ့အတွက် ငါးဟင်းတစ်ခွက်တိုးစေရမည်” ဆောင်ပုဒ်နှင့်အညီ လတ်ဆက်သော ငါးကြင်း၊ ငါးမုတ်၊ ငါးတန်ငါးများကို စားသုံးသူပြည်သူ များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို
ပဲခူးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်