Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ၂၀၂၆ ခုနှစ် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်


07 Jul,2026

နေပြည်တော် ဇူလိုင် ၆

၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်း အမှတ်အဖြစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင် များနှင့် ဝန်ထမ်းများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယခု ဒုတိယအကြိမ် သစ်ပင် စိုက်ပျိုးပွဲကို ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာ ရွာအဝင်လမ်းတစ်လျောက် လမ်းဘေးဝဲ/ယာတွင် ရတနာတန်းဝင်ပင်၊ အရိပ်ရပင်၊ လေကာပင်နှင့် ပန်းအလှပင် စုစုပေါင်း (၅၀၀)ပင်နှင့် အလားတူ တစ်ချိန်တည်းမှာပဲ တိုင်းဒေသကြီး/ပြည်နယ်ဒေသ အသီးသီးမှာရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများနှင့် ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှလည်း ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ကျေးရွာအဝင်လမ်းများ နှင့်ကျေးရွာ ကုန်ထုတ်လမ်းများ၏ လမ်းဘေး ဝဲ/ယာများတွင် စုစုပေါင်း အပင်(၄၆၆၀၀)ကျော်ကို တစ်ပြိုင်တည်း စုပေါင်းစိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ ယနေ့ စိုက်ပျိုးသည့်သစ်ပင်များ ရှင်သန် ဖြစ်ထွန်းရေး စဉ်ဆက်မပြတ်ပြုစုကြရန်နှင့် ရှင်သန်မှု မရှိသည့် အပင်များကို အစားထိုး ဖြည့်တင်း စိုက်ပျိုးခြင်းများ မပျက်မကွက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ထောင်စု ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာနအလိုက် ဝန်ထမ်းများက အပင်များ စုပေါင်းစိုက်ပျိုးကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကံဦးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ရေပေးရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကျန်းမာသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဆွေးနွေးမှာကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေမှုနှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော အစုအဖွဲ့စနစ်ဖြင့် မွေးမြူထားသော အသားတိုးဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုကာ ပြည်ထောင်စု ဝန်ကြီးက တိရစ္ဆာန်ရောဂါများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကံဦးကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားတက်ရောက်ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကံဦးကျေးရွာ၌ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအားလည်း ကောင်း၊ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များအား လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူ ကိုယ်တိုင်ပူးပေါင်းပါဝင်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူလူထုကိုယ်တိုင်စီမံခန့်ခွဲသောစီမံကိန်း များကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာနေပြည်သူများ အနေဖြင့်လည်း နိုင်ငံတော်အစိုးရမှ ကျေးရွာအခြေခံအဆောက်အအုံလုပ်ငန်းများ၊ ကျေးရွာစိမ်းလန်း စိုပြေရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးရွာသန့်ရှင်း သာယာလှပရေးလုပ်ငန်းများ၊ စနစ်ကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဖြစ်ပေါ်လာစေရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ကျေးရွာနေပြည်သူများမှလည်း ကိုယ်တိုင်ပါဝင်မှ ရမည်ဖြစ်၍ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကံဦးကျေးရွာအတွက် ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်း(Smart Village) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၆၀၀ အား ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်