သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ ဒေါ်ငြိမ်းထက်အေး၊ ကထိက၊ သမဝါယမပညာဌာနသည် ရန်ကုန်တက္ကသိုလ်ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဌာနတွင် ၃၀-၆-၂၀၂၆ရက်နေ့ မှ ၃-၇-၂၀၂၆ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အာဆီယံတက္ကသိုလ်များကွန်ရက်အရည်အသွေးအာမခံချက်မူဘောင်အရ ပရိုဂရမ်အဆင့် စစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာသင်တန်း (AUN-QA Training Course for Accomplishing Programme Assessment (Tier 1, VERSION 4.0)) သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ရန်ကုန်တက္ကသိုလ်မှ ကြီးမှူးဖွင့်လှစ်ခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနများရှိ တက္ကသိုလ် (၁၃)ခုမှ ဆရာ၊ဆရာမ စုစုပေါင်း (၄၁)ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် ထိုင်းနိုင်ငံ၊ Chulalongkorn University မှ တွဲဖက်ပါမောက္ခ Dr. Ornsiri Cheunsuang (Lead Coach & AUN-QA Trainer and Lead Assessor) နှင့် ဖိလစ်ပိုင်နိုင်ငံ၊ Far Eastern University မှ တွဲဖက်ပါမောက္ခ Dr. Evangeline P. Bautista (Coach & AUN-QA Trainer and Lead Assessor) တို့မှ ဦးဆောင်ဆွေးနွေးပို့ချခဲ့ပြီး အာဆီယံတက္ကသိုလ်များ၏ အရည်အသွေးအာမခံချက် (ဗားရှင်း ၄.၀) စံနှုန်းများ၊ ဘွဲ့၊ ဒီဂရီ ပရိုဂရမ်များကို စစ်ဆေးအကဲဖြတ်ခြင်း၊ ကိုယ်တိုင်စစ်ဆေးအကဲဖြတ်အစီရင်ခံစာ (Self-Assessment Report)ကို စနစ်တကျရေးသားပြင်ဆင်ခြင်း၊ ပညာရေးအရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင် နိုင်ရေးအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီဆောင်ရွက်ခြင်း၊ ကျောင်းသား၊ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော သင်ကြား၊သင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းများနှင့်စပ်လျဉ်း၍ လေ့လာဆည်းပူးခဲ့ရပါသည်။ ဤသင်တန်းတွင်လေ့လာဆည်းပူးခဲ့သောပညာရပ်များကို မိမိတို့ တက္ကသိုလ်ရှိ ဘွဲ့၊ ဒီဂရီပရိုဂရမ်များ၏ AUN-QA Version 4.0 စံနှုန်းများနှင့်အညီ အရည်အသွေး အာမခံမှု (Quality Assurance) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြန်လည် အသုံးချဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်