Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် ဝါစိုက်တောင်သူများသို့ မျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲ ကျင်းပ


07 Jul,2026

မလှိုင် ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် သမဝါယမဦးစီးဌာနကကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် ဝါစိုက်တောင်သူများသို့ မျိုးနှင့်သွင်းအားစုများပေးအပ်ပွဲကို မလှိုင် မြို့နယ်၊ သပြေပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုးနှောင်းဝါစိုက်ပျိုးသည့် သပြေပင်စိုက်ထွေ သမဝါယမ အသင်း၊ ဘီးဇတ်ကုန်းစိုက်ထွေသမဝါမအသင်းနှင့် လယ်တာကောင်းစိုက်ထွေသမဝါယမအသင်း များမှအသင်းသား ဝါစိုက်တောင်သူ ၁၂၉ ဦးတို့၏ ဝါစိုက်ဧက ၂၀၀ အတွက် အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် တစ်ဧကလျှင် သုံးသိန်းကျပ်နှုန်းနှင့်ညီမျှသည့် မျိုးနှင့်သွင်းအားစုများအား (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့၌ အဆိုပါသ‌ပြေပင်ကျေးရွာ၊ ဓမ္မာရုံတွင် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လင်းကိုနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ကြည်တို့က ဝါစိုက်တောင်သူအသင်းသားများထံသို့ လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်