Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဖြတ်မြို့နယ်၌ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေး သမဝါယမအသင်းလိမီတက်၏ အရပ်အရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


07 Jul,2026

မိုင်းဖြတ် ဇူလိုင် ၇ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေး သမဝါမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်အရပ်ဆိုင်ရာ အစည်းအဝေးကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းက အသင်း၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများနှင့် စပ်လျဉ်း၍ အဖွင့်အမှာ စကား ပြောကြားသည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ အမှုဆောင်အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာနှင့် ဘဏ္ဍရေးရှင်းတမ်းများကို အမှုဆောင်အဖွဲ့ဝင် ဦးတင်ဆန်းက ဖတ်ကြားခဲ့ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့မှတင်သွင်းသည့် ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုရယူခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်မြင်သည့် အသင်းသား/သူများ၏ သား/သမီးများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ခဲ့ပြီး အသင်းသား၊ အသင်းသူ များကို စားဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်