Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လင်းခေးမြို့ စံပယ်ဦးစျေး သမဝါယမသင်းလီမိတက်က အသင်းဝင်များ စုဆောင်းငွေအပေါ် အတိုးနှင့် အစုအပေါ် အမြတ်ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ


07 Jul,2026

လင်းခေး ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၌ စျေးသမဝါယမအသင်းလီမိတက်က အသင်းဝင် များ၏  (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် စုဆောင်းငွေအပေါ်အတိုးနှင့် အစုအပေါ်အမြတ်ငွေများ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်မဟာမြတ်မုနိ ဘုရားကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြဝင်းနှင့် တာဝန်ရှိသူက အသင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် ငွေစာရင်းရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်း ဖတ်ကြားပြီး အသင်းသား (၅၀၀) ဦး တို့အား စုဆောင်းငွေအပေါ်အတိုးနှင့် အစုအပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်