Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပ


07 Jul,2026

နေပြည်တော်၊ ဇူလိုင် ၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် လစဉ်ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းထုတ်ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

          အဆိုပါအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုများကို ပြောကြားပြီး ဝန်ထမ်းဆိုင်ရာကိစ္စရပ်များအနေဖြင့် အရာရှိများသည် ခန့်အပ် ထားသော ရာထူးနှင့် ထိုက်တန်သည့် ခံယူချက်၊ အရည်အချင်းရှိကြရန်၊ ဂုဏ်ပုဒ်နှင့်လျှော်ညီစွာ ကြိုးစားကြရန် လိုအပ်ပါကြောင်း ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က ဌာနရှိ ခေါင်းဆောင်များသည့် လုပ်ငန်းနှင့် ပတ်သက်၍ စိတ်ပါဝင်စားမှုရှိရန်၊ တာဝန်ယူဆောင်ရွက်မှုရှိကြ ရန်လိုအပ်ပြီး မိမိဌာနရှိ ဝန်ထမ်းများ၏ အရည်အချင်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုတို့ကိုလည်း သိရှိရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်မှုရှိရန်အတွက် စည်းလုံးညီညွတ်သည့် အဖွဲ့အစည်း ဖြစ်ရန်လည်း လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် စီမံခန့်ခွဲရေး ဌာနခွဲမှ ညွှန်ကြားရေးမှူးက ယခင်လမှ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ကိစ္စရပ်များ အား ရှင်းလင်းပြောကြားပြီး ယခုပြုလုပ်သော ဆန္ဒဖော်ထုတ်ပွဲတွင်လည်း သက်ဆိုင်ရာ ဌာနခွဲများ အလိုက် ဆွေးနွေးတင်ပြလိုသည်များကို တင်ပြစေခဲ့သည်။

          ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ဌာန၏ လုပ်ငန်းများ အောင်မြင်ရန်အတွက် ပွင့်လင်း မြင်သာမှုရှိပြီး စည်းလုံးညီညွတ်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း အရည် အသေး၊ အရည်အချင်းရှိရန် အတွက်လည်း လေ့ကျင့်နေရန် လိုအပ်ပါကြောင်း၊ သိရုံ တတ်ရုံဖြင့် မရဘဲ ကျွမ်းကျင်နေရန်လည်း လိုအပ်ပါကြောင်း၊ မိမိတတ်ကျွမ်းထားသည်များကိုလည်း အခြားသူနားလည် လွယ်အောင် သင်ကြားပြသနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ လုပ်ငန်းများကိုလည်း တိကျသေချာပြီး မှန်ကန် မြန်ဆန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အဂတိတရား ကင်းရှင်းပြီး ကိုယ်ကျင့်တရားကောင်းမွန်အောင်လည်း စောင့်ထိန်း နေထိုကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်