Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုတ်တွင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မိုးရာသီစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်


07 Jul,2026

အုတ်တွင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မိုးရာသီစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
=====================================
အုတ်တွင်း၊ ဇူလိုင်-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သောင်းတိုင်ကုန်းကျေးရွာနှင့် အုန်း ပင်စုကျေးရွာတို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက် ပျိုးပွဲတော်ကို ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ဆောင်ရွက်ကြောင်းသိရသည်။
    ပထမဦးစွာ အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလမ်းစိုပြည်သည့် ပတ် ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥတုကိုလက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသများရရှိစေရန်နှင့် အသီးအရွက်များကို အလွယ်တကူ စားသုံးနိုင်ရန်အတွက် သီးပင်စားပင်များစိုက်ပျိုးပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
    ထို့နောက် အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး ဆောင်သောဝန်ထမ်းများ၊ သောင်းတိုင်ကုန်းကျေး ရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သောကျေးရွာသူကျေးရွာသားများ၊ အုန်းပင်စုကျေးရွာအုပ်ချုပ် ရေးမှူး ဦးဆောင်သော ကျေးရွာသူကျေးရွာသား များ၊ စုစုပေါင်းအင်အား ၆၀ ဦးတို့က ကျွန်း၊ ရေတ မာ၊ ပျဉ်းမ၊ မန်းကျည်၊ ပိတောက်၊ ခရေ၊ မဟော် ဂနီ၊ မယ်ဇလီ၊ စိန်ပန်း၊ စုစု‌ပေါင်း ၃၀၀ ပင်ကို ကျေးရွာတွင်းလမ်းနှင့် ကုန်ထုတ်လမ်းဘေးဝဲယာများများတွင်စိုက်ပျိုး‌ပေးခဲ့ကြောင်း အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်ထံမှ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်