Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ်၌ သဖန်းချောင်းကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်


07 Jul,2026

မင်းလှမြို့နယ်၌ သဖန်းချောင်းကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
=====================================
မင်းလှ၊ ဇူလိုင်-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ဂုဏ်ပြု‌ သောအားဖြင့် သဖန်းချောင်းကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာအဝင်လမ်း တွင် စိုက်ပျိုးကြောင်းသိရသည်။
    ပထမဦးစွာ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူက စိုက်ပျိုးမည့်သစ်ပင်များကို ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်သည်။
    ထို့နောက် မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူ ဦးဆောင်သောဝန်ထမ်းများ၊ သဖန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သောကျေးရွာသူကျေးရွာသားများ၊ စုစုပေါင်းအင်အား ၂၀ ဦး တို့က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်း သိမ်းနိုင်စေရန်၊ စိမ်းလမ်းစိုပြည်သည့် ပတ်ဝန်း ကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥတုကိုလက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသများရရှိစေရန်အတွက် တမာပင်နှင့် သပြေဘူတပင် စုစု‌ ပေါင်း ၆၀ ပင်ကို ကျေးရွာအဝင်လမ်း‌ဘေးဝဲယာတို့၌ စိုက်ပျိုး‌ပေးခဲ့ကြောင်း မင်းလှမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူထံမှ သိရသည်။
ချိုလေး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်