Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်လေးပင်မြို့နယ်၌ တော်ပသီကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်


07 Jul,2026

ညောင်လေးပင်မြို့နယ်၌ တော်ပသီကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
=====================================
ညောင်လေးပင်၊ ဇူလိုင်-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင် လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ဂုဏ်ပြု‌သောအားဖြင့် တော်ပသီကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် လ ၆ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာအဝင်လမ်းတွင် စိုက်ပျိုးကြောင်းသိရသည်။
    ပထမဦးစွာ ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိမိ‌အောင်က စိုက်ပျိုးမည့်သစ်ပင်များကို ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်သည်။
    ထို့နောက် ညောင်လေးပင်မြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိမိအောင် ဦးဆောင်သောဝန်ထမ်းများ၊ တော် ပသီကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သောကျေး ရွာသူကျေးရွာသားများ၊ စုစုပေါင်းအင်အား ၂၀ ဦး တို့က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်း သိမ်းနိုင်စေရန်၊ စိမ်းလမ်းစိုပြည်သည့် ပတ်ဝန်း ကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥတုကိုလက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသများရရှိစေရန်အတွက် တမာပင်နှင့် သပြေဘူတပင် စုစု‌ ပေါင်း ၆၀ ပင်ကို ကျေးရွာအဝင်လမ်း‌ဘေးဝဲယာတို့၌ စိုက်ပျိုး‌ပေးခဲ့ကြောင်း ညောင်လေးပင်မြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိမိ‌အောင်ထံမှ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်