Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်


07 Jul,2026

ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
=====================================
ကျောက်တံခါး၊ ဇူလိုင်-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ကျောက် တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဆယ့်လေးကျေးရွာနှင့် မဂဟီးရားကျေးရွာတို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက် ပျိုးပွဲတော်ကို ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ဆောင်ရွက်ကြောင်းသိရသည်။
    ပထမဦးစွာ ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပိိုးအိဖြူကိုက စိုက်ပျိုးမည့်သစ်ပင်များကို ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်သည်။
    ထို့နောက် ကျောက်တံခါးမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပိုးအိဖြူကို ဦးဆောင်သောဝန်ထမ်းများ၊ ဆယ့်လေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သောကျေးရွာသူကျေးရွာသားများ၊ မဂဟီးရားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကျေးရွာသူကျေး ရွာသားများ၊ စုစုပေါင်းအင်အား ၂၄ ဦးတို့က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊စိမ်းလမ်းစိုပြည်သည့်ပတ်ဝန်းကျင်ကောင်း နှင့် ကောင်းမွန်သည့်ရာသီဥတုကိုလက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသများရရှိစေရန်အတွက် ကြောင်လျှာပင် ၈၀ ၊ မန်ကျည်းပင် ၇၅ ၊ ခရေပင် ၄၀ ၊ မန်ဂျန်ရှားပင် ၅၅ ၊ သရက်ပင် ၄၀ ၊  သီဟိုဋ် ပင် ၁၀ ၊ ပိန္နဲပင် ၁၀ ပင်၊ စုစုပေါင်း ၃၁၀ ပင်ကို ကျေးရွာအဝင်လမ်းနှင့် ကုန်ထုတ်လမ်း‌ဘေးဝဲယာတို့၌ စိုက်ပျိုးပေးခဲ့ကြောင်း ကျောက်တံခါးမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပိုးအိဖြူကိုထံမှ သိရသည်။
ချိုလေး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်