Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသို့ လုပ်ငန်းဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေများ ထုတ်ပေးခြင်း


08 Jul,2026

လွိုင်ကော် ဇူလိုင် ၈

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကယားပြည်နယ်သမဝါယမဦးစီးဌာန အနေဖြင့် စိမ်းရောင်စို စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းသို့ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် မတည်ထောက်ပံ့ချေးငွေပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံး၏ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

 အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲဝင်းမှ ထုတ်ချေးငွေများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးပြု၍ မိသားစုဝင်ငွေတိုးပွားရေးဆောင်ရွက်ရန်၊ ပြန်လည်ပေးဆပ်ရမည့် အရင်း၊ အတိုးများကို အချိန်မှန် ပြန်လည်ပေးဆပ်ကြရန်နှင့် အသင်းသားများအနေဖြင့် အသင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာဖြင့် အတူတကွ အောင်မြင် အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့် ပြောင်းစိုက် ဧက ၁၃၄ ဧကအတွက် မတည်ထောက်ပံ့ ချေးငွေကျပ်(၆၇)သန်းအား ပေးအပ်ခဲ့သည်။

 အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲဝင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ သမဝါယမအသင်းအမှုဆောင် ဒါရိုက်တာ များနှင့် အသင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်