Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးချပြရှင်းလင်းပွဲပြု လုပ်


09 Jul,2026

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးချပြရှင်းလင်းပွဲပြု လုပ်
=====================================
စေတုတ္တရာ၊ ဇူလိုင်-၉
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တ ရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အောက်ပုံကျေးရွာ၌ ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရရှိငွေမှသုံးစွဲ ခွင့်ရှိသောငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင် ငွေများဖြင့် ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုချပြရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက် ကြောင်းသိရသည်။
     ရှေးဦးစွာ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက အောက်ပုံကျေးရွာ၌ ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းလုပ်ငန်းပြီးစီး၍ ကျေးရွာ သို့ချပြရှင်းလင်းပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားသည်။
    ဆက်လက်၍ ကျေးရွာလုပ်ငန်းအကောင်အ ထည်ဖော်ရေးလုပ်ငန်းကော်မတီဝင် တစ်ဦးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ထောက်ပံ့ငွေ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရရှိငွေမှသုံးစွဲခွင့်ရှိသောငွေများနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေများမှ ရန်ပုံငွေသုံးစွဲမှုအခြေအ နေများကို ချပြရှင်းလင်းပြောကြားပြီးနောက် ကျေးရွာလုပ်ငန်းအကောင်အထည်ဖော်ရေးကော် မတီမှ ကျေးရွာလုပ်ငန်းထိန်းသိမ်းရေးကော်မတီ ထံသို့ လုပ်ငန်းပြီးစီးမှုမှတ်တမ်းအား လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
      စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ အလျှား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေရှိသော ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀ ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရရိငွေမှသုံးစွဲခွင့်ရှိ‌ သောငွေကျပ်သိန်း ၁၂၀ ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း ၃၀ ၊ စုစုပေါင်းငွေကျပ်သိန်း ၃၀၀ ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မေလ ၁၅ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်း‌ ပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် အောက်ပုံကျေးရွာရှိ အိမ်ခြေ ၁၆၂ အိမ်မှ လူဦးရေ ၆၁၉ ဦးတို့၏  လူမှုရေးနှင့်ဘာသာရေးကိစ္စရပ်များအတွက်အသုံး ပြုနိုင်မည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်