Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လင်းခေးမြို့ ရွှေတောင်တန်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အမြတ်ငွေများပေးအပ်၊ အလုပ်အမှုဆောင်အဖွဲ့သစ်ရွေးချယ်တင်မြှောက်


09 Jul,2026

လင်းခေး  ဇူလိုင် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့ ရွှေတောင်တန်းငွေစုငွေချေးသမဝါယမအသင်း လီမိတက်က အသင်းဝင်များ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စုဆောင်းငွေအပေါ်အတိုး၊ အစုအပေါ်အမြတ်ငွေများ ပေးအပ်ခြင်းနှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့သစ်ရွေးချယ် တင်မြှောက်ခြင်း အခမ်းအနားကို လင်းခေးမြို့ဝမ်လွိုင်ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြဝင်းနှင့် အသင်းဥက္ကဋ္ဌ တို့က အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေစာရင်းရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းဖတ်ကြားခြင်းနှင့် အသင်းအမှုဆောင် အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသင်းသား(၃၅၀)တို့အား စုဆောင်း ငွေအပေါ်အတိုးနှင့် အစုအပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်