Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံဖြူဇရပ်မြို့နယ်၌ အမြင်သစ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


08 Jul,2026

သံဖြူဇရပ် ဇူလိုင် ၈

 မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အမြင်သစ်ငွေစုငွေချေးသမဝါယအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီး ဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ သဘာပတိ အသင်းဥက္ကဋ္ဌ ဦးဟိန်းလင်းအောင်က အမှာစကားပြောကြားပြီး အသင်းသားစာရင်းစစ် ဒေါ်ပန်းအိစိုးက အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများအား ချပြရှင်းလင်း၍ အတည်ပြုချက် ရယူပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က အမှုဆောင်ရွေးချယ်ပွဲ နှင့်စပ်လျဉ်း၍ သမဝါယမအသင်းကို ပြင်ဆင်သည့် အသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်း ပြောကြား၍ အမှုဆောင်သစ်ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ကာ အသင်းသားများ အား အစုပေါ်အမြတ်နှင့် စားသုံးဆီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်