Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးစပါးစိုက်အသင်းသားတောင်သူများ မြေဩဇာကြဲပက်ပွဲ ကျင်းပ


08 Jul,2026

ကြို့ပင်ကောက် ဇူလိုင် ၈

 ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်သမဝါယမဦးစီးဌာနမှ ရွာသာကုန်းကျေးရွာတွင် မိုးစပါး တစ်ဧက ပန်းတိုင်အထွက်နှုန်းတင်း ၁၀၀ ကျော်ထွက်ရှိရေးအတွက် ပင်ပွားချိန်၌ စုပေါင်း ဓာတ်မြေဩဇာ ကြဲပက်ပွဲကို ဆောင်ရွက်ခဲ့သည်။

 ကျွန်းကုန်းကြီးကျေးရွာအုပ်စု ရွာသာကုန်းစိုက်ထွေအသင်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အသင်းသားတောင်သူ ၂၅ ဦး၏ စုပေါင်းစိုက်ပျိုးထားသော ဆာဖိုးသာစပါးမျိုးနှင့် ဗီယက်နန်စပါးမျိုး စိုက်ဧက ၂၀၇ ဧကပေါ်တွင် ဓာတ်မြေဩဇာကြဲပက်ပွဲသို့ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အသင်းစုမှတာဝန်ရှိသူများနှင့် အသင်းသားတောင်သူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်