မုံရွာ၊ ဇူလိုင် ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင် အထည်ဖော် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း(အဆင့်မြင့်)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ ရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ စီမံကိန်းကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ပထမဦးစွာ ဝန်ကြီးချုပ်မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နာယကနှင့် တိုင်းဒေသကြီး ဝန်ကြီးများမှ ကုန်ကြမ်းပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများအား သင်တန်းသူများထံ ပေးအပ်ခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသ ထားသည့် ကုန်ကြမ်းပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ ဌာန၏ဓါတ်ခွဲခန်းနှင့် သင်တန်းဖွင့်လှစ် သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင် တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်