ပြည်၊ ဇူလိုင် ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိ ရပ်ဖများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ခရိုင်ဦးစီးမှူးက ဌာန၏လုပ်ငန်းတာဝန်များ၊ ဌာနမှ ဆောင်ရွက်လျက်ရှိ သည့် စီမံကိန်းများ နှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် ဝင်ငွေတိုးစီမံကိန်းဖြင့် လုပ်ငန်းသုံး ပစ္စည်းများသုံးစွဲခွင့်ပေးမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ Scrub ပြုလုပ်နည်း၊ လျှော်မွှေးပြုလုပ်နည်းနှင့် ဆပ်ပြာခရင်(မ်) ထုတ်လုပ် နည်းများကို ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့ထိ သင်တန်းကာလ (၇)ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး မွမ်းမံသင်တန်းအား ဇူလိုင်လ ၁၄ ရက်နေ့မှ ၂၀ရက်နေ့ထိ (၇) ရက် ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းပြီးမြောက်ပါက အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူ ထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံး ပစ္စည်းများဖြစ်သော အထိုင်ဆပ်ပြာဆီမွှေစက်၊ စတီးကန်၊ ဒီဂျစ်တယ်ချိန်စက်၊ အပူပေးပိတ်စက်၊ ဖိုက်ဘာပလပ်စတစ်ပုံးရှည်နှင့် ဆက်စပ်ပစ္စည်းစသည်တို့ကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်