ငရုတ်ကောင်း ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့တွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုတ်ပင်ဆိပ်-ငှက်ပျောချောင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဘုတ်ပင်ဆိပ်-ငှက်ပျောချောင်းတံတား ပျက်စီးမှုအခြေအနေအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တိုင်းဒေသကြီး၊ ခရိုင်တို့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးကြသည်။
ထိုသို့ စစ်ဆေးရာတွင် တံတားပျက်စီးမှုအခြေအနေ၊ ပြန်လည်ပြုပြင်ရန် လိုအပ်သည့်အခြေအနေနှင့် တံတားခြေဆင်း ကြံ့ခိုင်မှုများကို လိုက်လံစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်