နေပြည်တော် ဇူလိုင် ၁၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁ဝး၀၀)နာရီ အချိန်တွင် ကူးတို့ဆိပ်ကျေးရွာအုပ်စု ကံဦးကျေးရွာရှိ တောင်သူများ၊ ကံဦးစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းသားတောင်သူများနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်တော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)တို့ဖြင့် လုပ်ထုံး၊ လုပ်နည်းများ၊ ညွှန်ကြားများနှင့်အညီ ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိုးစပါး၊ နွေစပါး၊ မြေပဲ၊ နေကြာ၊ နှမ်းစသည့် စိုက်ပျိုးဆောင်ရွက်သည့် အသင်းသားတောင်သူများ၏ သီးနှံများကို သမဝါယမအသင်းပိုင် ဆန်စက်၊ ဆီစက်များမှ ကာလပေါက်ဈေး၊ ဒေသပေါက်ဈေးများဖြင့် ဝယ်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အသင်းသားတောင်သူ များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးချင်း၊ တစ်ယောက်ချင်း စိုက်ပျိုးဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ တစပ်တဆက်တည်းရှိ လယ်ယာမြေများကို သမဝါယမစနစ်ဖြစ်သော စုပေါင်း၍စနစ်တကျ အဆင့်မြင့် လယ်ယာမြေဖော်ဆောင်ပြီး စနစ်တကျစုပေါင်း စိုက်ပျိုးဆောင်ရွက်ခြင်း၊ မျိုးတစ်မျိုးတည်း စိုက်ပျိုး ခြင်း၊ စုပေါင်းရိတ်သိမ်းရောင်းချခြင်းများ ဆောင်ရွက်ပါက အသင်းသားတောင်သူများအတွက် အကျိုး ကျေးဇူးများစွာရှိကြောင်း၊ တစပ်တဆက်တည်းရှိ လယ်ယာမြေများအတွက် လိုအပ်သည့် ထွက်ယက် စိုက်ပျိုးစရိတ်များ၊ မျိုး၊ သွင်းအားစုများအား ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ စနစ်တကျ စိုက်ပျိုးရေး၊ စနစ်တကျမွေးမြူရေး လုပ်ငန်းဆောင်ရွက်လိုသည့် အသင်းသားများအတွက်လည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ပံ့ပိုးငွေများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသင်းသား တောင်သူများ၏ စိုက်ဧကစာရင်းများနှင့် စိုက်ပျိုးရေး မွေးမြူရေး ဆောင်ရွက်လိုသည့် အသင်းသား စာရင်းများအား ပြည်စုံမှန်ကန်စွာ စိစစ်ပြုစု၍ တင်ပြသွားရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဦးစန်းလွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော် ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)တို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲသို့ ကျေးရွာရှိတောင်သူများနှင့် သမဝါယမအသင်းသားတောင်သူများ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်