လေးမျက်နှာ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ခတ္တူ-ဘိသလွန်-ကရင်တော-ကတက်ကုန်းလမ်းမပေါ်ရှိ တူးရိုးတံတား ပေ ၈၀ ချဉ်းကပ်လမ်း ရေတိုက်စားမှုကို ယနေ့နံနက်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)နေပြည်တော်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မြတ်ပွင့်ဖြူနှင့် တာဝန်ခံအင်ဂျင်နီယာများ ကွင်းဆင်းစစ်ဆေးသည်။
မြို့နယ်ဦးစီးမှူးက တံတားချဉ်းကပ်လမ်း ရေမတိုက်စားစေရန် စီမံဆောင်ရွက်ထားရှိမှုနှင့် ရေရှည်ကောင်းမွန်ပြီး ကျေးရွာနေပြည်သူများ သွားလာရေး အဆင်ပြေစေရန် ဆောင်ရွက်နေမှုများတို့ကို ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ်(မြို့ပြ)က ချဉ်းကပ်တာပေါင်ရေ မတိုက်စားစေရန် ဆောင်ရွက်နေမှုအပေါ် လိုအပ်သည်များ ထပ်မံ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်