အောင်လံမြို့နယ် မအူခုံကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး
************************************************************************
အောင်လံ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဒေသထွက်ကုန်သီးနှံများ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်ရန်အတွက် မအူခုံကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီ နှင့် တာဝန်ရှိသူများသည် မအူခုံကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၄ ဖာလုံ အကျယ် ၁၂ ပေ ဒု ၂ ပေ ၉ လက်မ မြေသားခင်းခြင်းနှင့် ဂဝံကျောက်ခင်းခြင်း၊ အဆိုပါကုန်ထုတ်လမ်းပေါ်၌ အလျား ၆ ပေ အနံ ၂၀ ပေ အမြင့် ၆ ပေရှိသော Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ခွင့်ပြုငွေကျပ် ၉၇ သန်းဖြင့် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇွန်လ ၂၄ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၂၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက မအူခုံကျေးရွာရှိ လယ်ယာဧက ၂၄၀ တွင် စိုက်ပျိုးထားသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး စျေးကွက်သို့ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်