Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ်ပင်မြို့နယ် တောဘုတ်စုကျေးရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး


10 Jul,2026

သနပ်ပင်မြို့နယ် တောဘုတ်စုကျေးရွာ၌  (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး

သနပ်ပင်၊ဇူလိုင်လ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောဘုတ်စုကျေးရွာအုပ်စု၊‌တောဘုတ်စုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)သတ္တမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ဥပဒေ၊နည်းဥပဒေပါအကြောင်းအရာများ၊ချေးငွေဖြင့်အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဥ်အတွက်အထောက် အကူပြုပုံတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့်ဝန်ထမ်းများကတောဘုတ်စုကျေးရွာ (VRFP)စီမံကိန်းရန်ပုံ  ငွေကြီးကြပ်မှုကော်မတီဝင်များထံ စီမံကိန်းရန်ပုံငွေကျပ်သိန်း ၄၀၀အား လွှဲပြောင်းပေး အပ်ခဲ့သည်။ထို့နောက်  တောဘုတ်စုကျေးရွာ (VRFP) စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၄ဦးကို ငွေကျပ် ၂၇၈သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅ဦးကို ငွေကျပ်၅၉သိန်း၊အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၆ဦးကို ငွေကျပ် ၆၃သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ၉၅ဦးကို (VRFP)ရန်ပုံငွေကျပ်သိန်း၄၀၀ထိထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
                                                   နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်