မြဝတီ ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မြဝတီခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ရွေးချယ် တင်မြှောက်ပွဲကို မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဖူးသစ်ကိုယ်ပိုင်အလယ်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြဝတီခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ သဘာပတိ ဦးဖြိုးမင်းဇော်၊ မြဝတီမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာအောင်နှင့် သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးစိန်သောင်းတို့က အမှာစကားပြောကြားသည်။ ထို့နောက်အသင်း၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်သွင်း ခြင်းနှင့် အသင်းသား၏ အတည်ပြုချက်ရယူခြင်း၊ အသင်းသားဝေစုပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဦးဖြိုးမင်းဇော်က နိဂုံးချူပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ရွေးချယ်တင်မြှောက်ပွဲ အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာအောင်က သဘာပတိ အဖြစ်ဆောင်ရွက်၍ အမှာစကားကို ပြောကြားသည်။ ထို့နောက် ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ အမှုဆောင် အဖွဲ့အသစ်တို့မှ ရွေးချယ်တင်မြှောက်ခြင်း၊ ကတိသစ္စာခံယူခြင်းများဆောင်ရွက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်