Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ်တွင် ဝါသီးနှံစိုက်ပျိုးသည့်တောင်သူများအား မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်


13 Jul,2026

မြို့သစ် ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးနှင့်သွင်းအားစု ပံ့ပိုးပေးအပ်ပွဲကို ထန်းတစ်ပင် ကျေးရွာအုပ်စု၊ လယ်ပြင်စု ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာလတ်ဖြူက ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအား လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းဖြင့် မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ လယ်ပြင်စုကျေးရွာ၊ ခိုင်ရွေဝါ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူ (၂၇) ဦး၊ ဝါသီးနှံဧက (၁၀၀) ဧကအတွက် စုစုပေါင်း ငွေကျပ်သိန်း (၂၃၆၀၀၀၀၀/-) တန်ဖိုးရှိ မျိုးစေ့နှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်