Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Certificate in Business Law-CBL ၊ Certificate in Entrepreneurship and Business Management-CEBM နှင့် Certificate in Digital Marketing and Innovation-CDMI သင်တန်းများ ဖွင့်ပွဲကျင်းပ


13 Jul,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဥပဒေပညာဌာန၊ သမဝါယမပညာဌာနနှင့် စီမံခန့်ခွဲမှုပညာဌာနတို့မှဦးစီး၍ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှုကော်မတီအစီအစဉ်ဖြင့်ဖွင့်လှစ်သည့် Certificate in Business Law-CBL၊ Certificate in Entrepreneurship and Business Management-CEBM နှင့် Certificate in Digital Marketing and Innovation-CDMI သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် Zoom Platform ဖြင့်ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပါမောက္ခချုပ်မှ တက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ်၊ ပေးအပ်ချီးမြှင့်လျက်ရှိသည့် ပုံမှန်ဘွဲ့ကြို၊ ဘွဲ့လွန်ဒီပလိုမာနှင့်မဟာဘွဲ့ သင်တန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (HRD Programme) ဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိသည့် လက်မှတ်ရသင်တန်းများနှင့် မဟာဘွဲ့သင်တန်းများ၊ အလုပ်အကိုင်နှင့် အလုပ်သင်အခွင့်အလမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့တက္ကသိုလ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်၍ Learning Management System (LMS) အသုံးပြု၍ Certificate သင်တန်းများကို Free online Course အစီအစဉ်ဖြင့် (၃) ကြိမ်ဖွင့်လှစ်ခဲ့ပြီး ယနေ့ဖွင့်လှစ်သည့် သင်တန်းများသည် Human Resource Development (HRD) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် တတိယအကြိမ်မြောက်သင်တန်းများဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်း များသည် လူတစ်ဦးချင်းစီ၏ အနာဂတ်၊ အဖွဲ့အစည်းများ၏ အနာဂတ်နှင့် နိုင်ငံတော်၏ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံသည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ "The future belongs to those who never stop learning" ဟုဆိုသကဲ့သို့ ယနေ့ခေတ်တွင် သင်ယူခြင်းသည် အသက်အရွယ်တစ်ခုနှင့် မသက်ဆိုင်တော့ဘဲ ဘဝတစ်လျှောက်လုံး ဆက်လက်ကျင့်သုံးရမည့် လူနေမှုပုံစံတစ်ခုဖြစ်လာ ကြောင်း၊ သင်တန်းတက်ရောက်ခြင်းအားဖြင့် စဉ်းစားတွေးခေါ်မှုပုံစံများ ပြောင်းလဲသွားနိုင်ပြီး Problem Solving Skills၊ Critical Thinking Skills၊ Innovative Skills၊ Creative Thinking Skills များ ပြောင်းလဲတိုးတက် လာမည်ဖြစ်ပြီး တက္ကသိုလ်အနေဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၇)ချက်အနက် SDG 4 – Quality Education, SDG 8 – Decent Work and Economic Growth, SDG 9 – Industry, Innovation and Infrastructure နှင့် SDG 17 – Partnerships for the Goals တို့နှင့်အညီ သင်တန်းများကို ဖွင့်လှစ်ပို့ချရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်အနေဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသန၊ လူမှုအကျိုးပြုလုပ်ငန်းနှင့် သမဝါယမကဏ္ဍအတွက် လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးခြင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၏ ယုံကြည်ချက်အနေဖြင့် ပညာတတ်ပြီး ထူးချွန်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ခြင်းသည် တက္ကသိုလ်၏ ဂုဏ်ယူစရာ တာဝန်ဖြစ်သည်ဟုခံယူပြီး ပုံမှန်သင်တန်းများ နှင့် HRD သင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပြီး ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ 
ထို့နောက် ဉပဒေပညာဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာသိင်္ဂီညို၊ သမဝါယမပညာဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါ်ခင်အေးမာနှင့် စီမံခန့်ခွဲမှုပညာဌာနမှ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူး ဒေါက်တာတင်နီလာဝင်းတို့က သက်ဆိုင်ရာသင်တန်းများတွင် သင်ကြားမည့် ဘာသာရပ်များ၊ သင်ကြားမည့်ပုံစံ၊ အကဲဖြတ်စနစ်နှင့် မျှော်မှန်းသင်ယူမှုရလဒ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းများကို ဇူလိုင်လ ၁၁ ရက်နေ့ မှ အောက်တိုဘာလ ၄ ရက်နေ့အထိ  (၃)လကြာ ဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပြီး CBL သင်တန်းသို့ သင်တန်းသား/ သူ (၈၃)ဦး၊ CEBM သင်တန်းသို့ သင်တန်းသား/သူ (၅၉)ဦးနှင့် CDMI သင်တန်းသို့ သင်တန်းသား/ သူ (၆၈)ဦး တက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်