Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ်၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်းဖွင့်လှစ်


14 Jul,2026

ထားဝယ်မြို့နယ်၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်းဖွင့်လှစ်

‎************************************************************************

‎ထားဝယ်         ဇူလိုင်        ၁၄

‎‎သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း အကောင်အထည် ဖော်ရေး မွမ်းမံသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲခေါင်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ဌာန၏ လုပ်ငန်းတာဝန်များအနက် ဝန်ထမ်းများစွမ်းရည်ပြည့်ဝရေးသည် အခြေခံတစ်ခုဖြစ်ကြောင်း၊ မိမိက ပညာပြည့်ဝမှသာလျှင် ပြည်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

‎‎အဆိုပါသင်တန်းကို ဇူလိုင် ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ သင်တန်းကာလ ၅ ရက်ကြာ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဆိုင်ရာ လိုက်နာဆောင်ရွက်ရန်အချက်များ၊ လုပ်ငန်းစဉ်များကို အသေးစိတ် သင်ကြားပို့ချလျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ သင်တန်းသူ သင်တန်းသား ၃၉ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။‎


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်