Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်္ဂပူမြို့နယ် ရွှေတောင်စုကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး


14 Jul,2026

အင်္ဂပူမြို့နယ် ရွှေတောင်စုကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး

‎************************************************************************

‎အင်္ဂပူ        ဇူလိုင်        ၁၄

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အင်္ဂပူမြို့နယ် ရွှေတောင်စုကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ မြန်အောင်ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်၊ အင်္ဂပူမြို့နယ် ဦးစီးမှူး ဒေါ်သင်းသင်းနိုင် နှင့် ဝန်ထမ်းများသည် ကျေးရွာတွင်းလမ်းဖြစ်မြောက်ရေး ကော်မတီဝင် များနှင့်အတူ ရွှေတောင်စုကျေးရွာ၌ ရွာတွင်းလမ်း အရှည် ၁ ဒသမ ၁၆၇ ဖာလုံ လမ်းအကျယ် ၂ ပေ ၆ လက်မ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ဘီးလမ်း နှစ်ဖက် ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဦးစီးမှူးက ကျေးရွာတွင်းလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ဆောင်ရွက်သောလုပ်ငန်းဖြစ်သည့်အတွက် တန်ဖိုးထားထိန်းသိမ်းကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၃ ဒသမ ၂ သုည ၂ သန်းဖြင့် အင်္ဂပူ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ ဧပြီ ၂၄ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါကွန်ကရစ်ဘီးလမ်း ဆောင်ရွက် ခြင်းကြောင့် ရွှေတောင်စုကျေးရွာရှိ အိမ်ခြေ ၁၁၉ အိမ်မှ လူ ၄၁၄ ဦး၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် များစွာအထောက်အကူပြုကြောင်း မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်