Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုဖထောကျေးရွာသို့ ကနဦးလေ့လာဆန်းစစ်ခြင်းလုပ်ငန်းလာရောက်ဆောင်ရွက်


13 Jul,2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုဖထောကျေးရွာသို့ ကနဦးလေ့လာဆန်းစစ်ခြင်းလုပ်ငန်းလာရောက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၃

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချ ရေးပူးပေါင်းဆောင်ရွက်မှုစင်တာ(IPRCC)တို့ ပူးပေါင်းဆောင်ရွက်မည့် “အရှေ့-အာရှ ဆင်းရဲမှုလျော့ချရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း(အဆင့်-၂)” East-Asia Poverty Reduction Cooperation Project in Myanmar (Phase-II) အတွက် အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ (IPRCC)မှ ညွှန်ကြားရေးမှူး Mr. Tong Lang ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့လာရောက်၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ကနဦးလေ့လာဆန်းစစ်မှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ ဆင်းရဲမှုလျော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ(IPRCC)မှ ညွှန်ကြားရေးမှူး Mr. Tong Lang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း ဦးဆောင်သောအဖွဲ့၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ သက်ဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကနဦးလေ့လာ ဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက် မည့်အခြေအနေများအား အသေးစိတ် ဆွေးနွေးညှိနှိုင်းပြီးနောက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လျာထားသည့် လှည်းကူးမြို့နယ်၊ နိုဖထောကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ၊ ကျေးရွာသားများအား မိတ်ဆက်တွေ့ဆုံခြင်း၊ ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြပါသည်။

          ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့ထိ စီမံကိန်းဆောင်ရွက်ရန်လျာထားသည့် နိုဖထောကျေးရွာသို့ ထပ်မံသွားရောက်၍ ကျေးရွာ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများအတွက် ကျေးရွာ၏ ပကတိလိုအပ်ချက် များအား ကျေးရွာသူ/ သားများနှင့် တွေ့ဆုံဆွေးနွေးဖော်ထုတ်ခြင်း၊ မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ခြင်း၊ ဖော်ထုတ်ရရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေးအဆင့်များ သတ်မှတ်ခြင်း၊ စီမံကိန်းကျေးရွာမှ ဖော်ထုတ်ရရှိခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရုံးချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မှ ဝန်ထမ်းများ နှင့်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခြင်း၊ စီမံကိန်းလုပ်ငန်းများ နှင့် စပ်လျဉ်းသော ဈေးကွက် လေ့လာ ဆန်းစစ်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဧရာဝတီတိုင်း‌ဒေသကြီးနှင့် နေပြည်တော်အတွင်းရှိ စီမံကိန်း ဆောင်ရွက်ရန် လျာထားသည့် ကျေးရွာများတွင် ကနဦးလေ့လာ ဆန်းစစ်မှုများ ဆောင်ရွက်ခြင်း၊ ကနဦးလေ့လာဆန်းစစ်ခြင်း၊ ခရီးစဉ် တစ်လျှောက်တွေ့ရှိချက်များ အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းအတည်ပြုခြင်း များဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်