Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၁၆၇ ဒဿမ ၇၅ သန်းကျပ်အား နွေစပါး ၇၀၇ ဧကစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူ ၁၁၁ ဦးအား ထုတ်ချေးပေး


14 Jul,2026

ကျောက်ဆည် ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သမဝါယမလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံ ကျပ်မှ ၁၆၇ ဒဿမ ၇၅ သန်း ကျပ်အား နွေစပါး ၇၀၇ ဧက စိုက်ပျိုးသည့် အခြေခံသမဝါယမအသင်းသားတောင်သူ ၁၁၁ ဦးအား ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်ဆည်မြို့နယ် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိုက်ထိုက်ဇော်က နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သမဝါယမကဏ္ဍနှင့် အခြားကဏ္ဍများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံ ကျပ်မှ  အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ယခုချေးယူသည့် သမဝါယမ အသင်းသားများအနေဖြင့် မိမိတို့ချေးယူထားသည့် ချေးငွေများအား စာချုပ်ပါ သတ်မှတ်ရက်အတိုင်း အရင်း၊အတိုးများအား အပြေအကြေ ပြန်လည်ပေးဆပ်ကြရန်နှင့် နောင်တွင် ချေးငွေများပိုမိုရရှိရေး မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် လုပ်ငန်းများအောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့ပြီး နွေစပါးစိုက်ပျိုးသည့် အခြေခံသမဝါယမ အသင်းသားတောင်သူများလက်ဝယ်အရောက် ချေးငွေများ ထုတ်ချေးပေးခဲ့သည်။

အဆိုပါ နွေစပါးစိုက်ပျိုးသည့်တောင်သူများသည် ကုလားကျောင်းကျေးရွာအုပ်စုမှ အရှေ့ရွာနန်း စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသားတောင်သူ ၁၉ ဦး၏ ၁၀၀ ဧက၊ တောင်ပလူ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသားတောင်သူ ၄၅  ဦး၏ ၁၇၇ ဧက၊ ပင်တလည် ကျေးရွာအုပ်စုမှ ပင်တလည် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသားတောင်သူ ၇ ဦး၏ ၅၀ ဧက၊ ထားဝယ်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသားတောင်သူ ၈ ဦး၏ ၂၀၀ ဧက၊ ရွှေလေးကျေးရွာအုပ်စုမှ ရွှေလေး စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသားတောင်သူ ၁၄ ဦး၏ ၆၀ ဧက၊ ဇရပ်ဖြူကျေးရွာအုပ်စုမှ ဇရပ်ဖြူ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား တောင်သူ ၃ ဦး၏ ၃၀ ဧက၊ ပုထိုးနီကျေးရွာအုပ်စုမှ  စံပြစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းသားတောင်သူ ၁၅ ဦး၏ ၉၀ ဧက၊ စုစုပေါင်းတောင်သူ ၁၁၁ ဦး၏ နွေစပါး ၇၀၇ ဧက  ဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်