Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချမ်းအေးသာစံမြို့နယ်တွင် ရွှေပြည်ကြီးချိုချဉ်ကုန်ထုတ် သမဝါယမအသင်းလီမိတက်၌ အမှုဆောင်သစ်ရွေးချယ်ပွဲနှင့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


14 Jul,2026

ချမ်းအေးသာစံ ဇူလိုင် ၁၄

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေပြည်ကြီးချိုချဉ်ကုန်ထုတ် သမဝါယမအသင်းလီမိတက်၏ အမှုဆောင်သစ်ရွေးချယ်ပွဲနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကို အဆိုပါရုံး၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ရွှေပြည်ကြီးချိုချဉ်ကုန်ထုတ်သမဝါယမအသင်းလီမိတက် သဘာပတိဒေါ်ခင်စန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးက အမှာစကား ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် ရွှေပြည်ကြီးချိုချဉ်ကုန်ထုတ် သမဝါယမအသင်းလီမိတက် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းဖေက ၂၀၂၅-၂၀၂၆ ခုနှစ် အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာအား ဖတ်ကြားခြင်း၊ စာရင်းကိုင် ဒေါ်ခင်သန်းအေးက ၂၀၂၅-၂၀၂၆ ခုနှစ် အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများအား ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး ရွှေပြည်ကြီးချိုချဉ်ကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ အမှုဆောင် အဟောင်းအဖွဲ့ နှုတ်ထွက်ခဲ့ပြီး အသင်းအမှုဆောင်နှင့် အသင်းစာရင်းစစ်များအား အဆိုပြုစနစ်ဖြင့် ရွေးချယ်ခဲ့ရာ ဥက္ကဋ္ဌ အဖြစ် ဦးသော်တာထွန်း၊ အတွင်းရေးမှူးအဖြစ် ဒေါ်ညွန့်ညွန့်ဦး၊ စာရင်းစစ်များအဖြစ် ဦးထွန်းဦး၊ ဦးအောင်ကြည်ခိုင်နှင့် ဒေါ်သင်းသင်းမာတို့ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ရွေးချယ်ခံရသော အသင်းအမှုဆောင်နှင့် အသင်းစာရင်းစစ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်