Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူး (စကု) မြို့နယ်၌ သမဝါယမအသင်းသား တောင်သူများအတွက် မျိုးနှင့် သွင်းအားစုများ ပေးအပ်


14 Jul,2026

မင်းဘူး ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ သီးနှံစိုက်ပျိုးချိန် အထောက်အကူပြုစေရန်အတွက် မျိုးနှင့်သွင်းအားစုများ ပေးအပ်ခြင်းကို ရွာပုလဲ ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မေလတ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်) စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် မျိုးနှင့်သွင်းအားစုများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အသင်းသားတောင်သူပေါင်း ၂၂ ဦးအား ဝါသီးနှံစိုက်ဧက ၅၅ ဧကစာတွက် စုစုပေါင်း ငွေကျပ် ၁၂၉၈၀၀၀၀ နှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများကို တောင်သူလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်