ရပ်စောက် ဇူလိုင် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာနသည် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အ.ထ.က(၁)ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းလီမိတက်၏ ဥက္ကဋ္ဌ ဒေါ်တင်ဌေးက အမှာစကားပြောကြားသည်။ ထို့နောက် ရပ်စောက်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်ဇင်မာဝင့်က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မြို့နယ် အတွင်းရှိ သမဝါယမအသင်းများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ များကိုရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ အသင်းစည်းကမ်းပြင်ဆင်သည့်အမှာစာတို့ကို ဖတ်ကြားတင်ပြခဲ့ကာ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
ထို့နောက် Grade 12 တွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် အသင်းသားများ၏ သားသမီး (၉) ဦးအား ဂုဏ်ပြုဆုငွေကျပ် (၇၈၀၀၀၀)ကျပ်၊ နှစ်အတွင်း အသင်းသား များ၏ စုဆောင်းပေါ်အတိုးကျပ် (၃၁၅) သိန်း နှင့် အသင်သားများအား အစည်းအဝေးစရိတ် (၁၁၀၀၀) ကျပ် ထောက်ပံပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်ပြန်/ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်