ဇူလိုင် ၁၅၊၂၀၂၆။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ် မှ ဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ လုပ်ငန်းဆောင်ရွက်ချက်များကို တက္ကသိုလ်ရှိ ကျောင်းသား၊ကျောင်းသူ များအား ဆွေးနွေးပို့ချခြင်း အခမ်းအနားကို (၁၅-၇-၂၀၂၆) ရက်နေ့၊ နေ့လည် (၁းဝဝ)နာရီ အချိန်တွင် အဆိုပါတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲ ရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင်ဖွံဖြိုးမှုဌာနများမှဌာနမှူးများ၊ သင်ကြားရေးဌာန(၁၁) ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများနှင့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် မဟာတန်း ကျောင်းသား၊ ကျောင်းသူ အင်အား (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်မှ တက်ရောက်လာသည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် မဟာတန်း ကျောင်းသားကျောင်းသူများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်၊ ရုံးလုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်၊ သင်ခန်းစာများကို Power Point ဖြင့် ပို့ချဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားသော ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် သမဝါယမစနစ်ဗဟိုပြုလုပ်ငန်းများနှင့် ပတ်သက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများအကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဦးကျော်ဇင်လတ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကျောင်းသား၊ ကျောင်းသူများအား Quiz မေးခွန်းများ မေးမြန်းခဲ့ပြီး အဖြေမှန်သူများကို ဆုများအသီးသီး ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ထို့နောက် အသေးစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပို့ချပေးသည့် သင်တန်းများအနက်မှ မုန့်ဖုတ်လုပ်ငန်းနှင့် သဘာဝဆိုးဆေးပုဝါလုပ်ငန်းများ ကို လက်တွေ့ပြသခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှု လက်တွေ့ပါဝင်လုပ်ဆောင်ခဲ့ကြပြီး နေ့လည်(၃းဝဝ)နာရီ အချိန်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်