Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ဝါးခြမ်းကာကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး


14 Jul,2026

တောင်တွင်းကြီးမြို့နယ် ဝါးခြမ်းကာကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး


တောင်တွင်းကြီး၊ဇူလိုင်လ ၁၄


     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝါးခြမ်းကာကျေးရွာ အုပ်စု၊ဝါးခြမ်းကာကျေးရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းကျော်ကျော်မျိုးနှင့်အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ဝါးခြမ်းကာကျေးရွာအုပ်စု၊ဝါးခြမ်းကာကျေးရွာ၌ ကျေး လက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးမြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုး က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
   ဝါးခြမ်းကာကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် ၇ဖာလုံ၊အကျယ်၁၂ပေ၊အမြင့်ကျောက်ရောမြေ နှစ်ပေနှင့်မြေနီကျောက်စ ရစ်ကိုးလက်မအတိုင်းအတာရှိ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကိုပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁‌၃၄ဒသမ၂၅သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိအင်ဂျင်နီယာစုဖွဲ့မှုဖြင့်ယခုနှစ်ဇွန်လစတုတ္ထပတ်မှစတင်တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၂၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းရာနှုန်းပြည့်ပြီးစီးပါက ဝါးခြမ်းကာကျေးရွာရှိ အိမ်ခြေ ၂၀၃၊ လူဦးရေ၅၅၆ဦးတို့၏အကျိုးပြုလယ် ယာ ၃၈၀ဧကတို့မှ ထုတ်ကုန်၊ထွက်ကုန်များ စျေးကွက်သို့  ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်မီ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်