Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ကုက္ကိုလှကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပ


16 Jul,2026

 "တောင်တွင်းကြီးမြို့နယ် ကုက္ကိုလှကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပ"
   

တောင်တွင်းကြီး၊ဇူလိုင် ၁၅
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၆- ၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင် တောင်တွင်းကြီးမြို့နယ် ပန်းသွင်းလေးကျေးရွာအုပ်စု၊ကုက္ကိုလှကျေးရွာ၌အသက်မွေးဝမ်းကျောင်းအထောက် အကူပြုသဘာဝမြေဩဇာပြုလုပ်နည်းနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်း အနားကိုယနေ့နံနက်ပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးဉာဏ်သိန်းနှင့်မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးတို့က သင်တန်းဖွင့်အမှာစကားများပြောကြားကြပြီးတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးထွန်းကျော်ကျော်မျိုးကသဘာဝမြေသြဇာပြုလုပ်နည်းနှင့်EMဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်များ၊သင်တန်းမှ ရရှိလာမည့်  အကျိုးကျေးဇူးများနှင့်သင်တန်းသား၊သင်တန်းသူများအနေဖြင့်သင်တန်းတွင်သင်ကြားပို့ချပေးမည့်သင်ခန်းစာများကို ကြိုးစားသင်ယူမှတ်သားကြစေလိုကြောင်း၊သင်တန်းကာလပြီးဆုံးသည့်တိုင်စိတ်ပါဝင်စားစွာလက်တွေ့နယ်ပယ်တွင် အသုံးချနိုင်သည်ထိ သင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
   ဆက်လက်၍ သင်တန်းနည်းပြဆရာများကသင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းသား၊သင်တန်းသူများကို သဘာဝမြေဩဇာပြုလုပ်နည်းများ လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
    အဆိုပါ သဘာဝမြေသြဇာနှင့် EM ဖျော် ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲသို့ ကုက္ကိုလှကျေးရွာမှ  သင်တန်းသား၊သင်တန်းသူ၂၀ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးသင်တန်းကို ယခုလ ၁၅ရက်နေ့မှ ၁၇‌ရက်နေ့ထိ သုံးရက်ကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်