နေပြည်တော် ဇူလိုင် ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းနှင့် တာဝန်ရှိသူများက UNDP အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Norimasa SHIMOMURA အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက UNDP မှ “အသိုက်အဝန်း ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်း တိုးမြှင့်ပေးရေးလုပ်ငန်း စီမံချက်” ကို ၂၀၂၃ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိမိတို့ ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Technical Focal အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်တုံ့ပြန်ရေး လုပ်ငန်းများအပါအဝင် စီမံချက်လုပ်ငန်း များကို သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို အမြင်ချင်းဖလှယ် အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်