ကျောက်ဆည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသည် ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဝန်ထမ်းများနှင့်အတူ အခြေခံသမဝါယမ အသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ကုလားကျောင်းကျေးရွာအုပ်စု၊ တောင်ပလူကျေးရွာ၊ တောင်ပလူ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သွင်းအားစုထောက်ပံ့ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက သွင်းအားစုများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ ပြီး မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် တာဝန်ရှိသူများက မိုးစပါး ၁၇၇ ဧက စိုက်ပျိုးမည့် တောင်သူ ၄၅ ဦးအား တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းခွဲနှုန်းဖြင့် စုစုပေါင်းပံ့ပိုးငွေကျပ် လေးရာ လေးဆယ့် နှစ်သိန်း ငါး သောင်း တန်ဖိုး ရှိ ပုလဲမြေဩဇာသွင်းအားစုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း(၁၆)သင်းမှ သမဝါယမအသင်းသား စပါးစိုက်တောင်သူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုးစပါး ၂၀၀၀ ဧက အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)
မန္တလေးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်