Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်သမန်းတောမြောက်ကျေးရွာ၌ကျေး ရွာရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး


16 Jul,2026

မကွေးမြို့နယ်သမန်းတောမြောက်ကျေးရွာ၌ကျေး ရွာရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
=====================================
မကွေး၊ ဇူလိုင်-၁၆
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သမန်းတော မြောက်ကျေးရွာ၌ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့်ဝန်ထမ်းများမှ ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ သ မန်းတောမြောက်ကျေးရွာ၌ စက်ရေတွင်းတူးဖော် ခြင်းလုပ်ငန်း၊ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးရာ တင်ဒါရ ကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက လုပ်ငန်းတိုးတက် မှုနှင့် ရှေ့ဆက်လက်‌ဆောင်ရွက်မည့်အခြေအနေ များကိုရှင်းလင်းတင်ပြပြီးနောက် ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၊ တင်ဒါရကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံ ပြီးစံချိန်စံညွှန်းများနှင့်အညီသတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးဆောင်းရွက်ကြရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။
      မကွေးမြို့နယ် သမန်းတောမြောက်ကျေးရွာ၌ အချင်း ၄ ဒသမ ၅ လက်မ၊ အနက် ၅၀၀ ပေရှိသော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ၂၄၀၀ ဂါလံဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ပါဝါမီတာခန်းတည် ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးရန်ပုံ ငွေကျပ် ၇၆ ဒသမ ၄၀ သန်းအသုံးပြုပြီး Dears Brain ကုမ္ပဏီမှတာဝန်ယူ၍ ဇူလိုင်လ ၂ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခု အခါ ၃၀ ရာနှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပါက သမန်းတောမြောက် ကျေးရွာရှိ ကျေးရွာသူကျေးရွာသားများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များပါ သန့်ရှင်းသော သောက်သုံးရေ ကို ဖူလုံစွာရရှိမည်ဖြစ်ကြောင်း မကွေးခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦး စီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်