ကွန်ဟိန်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ နမ့်ပန်မွေးမြူရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမီတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဝိသာခါဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ နမ့်ပန်မွေးမြူရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမီတက်၏ သဘာပတိ ဒေါ်မြသန့်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းမင်းထွန်းမှ အသင်းနှင့် စပ်လျဉ်း၍ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို အသင်းသူ၊ အသင်းသားများအား ချပြရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၅- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား များ၏ သား/သမီးများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး အသင်းသား များအား စုဆောင်းငွေပေါ် အတိုးငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်