ချမ်းအေးသာစံ ဇူလိုင် ၁၇
“တိုင်းလူမှုဝန်ထမ်း” ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်သစ် ရွေးချယ်ပွဲနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ချမ်းအေးသာစံမြို့နယ်၊ ၃၀ လမ်း×၆၄ လမ်းထောင့်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း၌ ဆောင်ရွက်သည်။
ဦးစွာ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမာဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းလူမှုဝန်ထမ်း ငွေစုငွေချေးသမဝါယမအသင်းလီမိတက်အဖွဲ့ဝင် ဒေါ်စန္ဒာလင်း ၂၀၂၅-၂၀၂၆ ခုနှစ် အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာအား ဖတ်ကြားခြင်း၊ အသင်း၏ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများအား ဖတ်ကြားသည်။
ဆက်လက်ပြီး တိုင်းလူမှုဝန်ထမ်း ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အမှုဆောင် အဟောင်းအဖွဲ့ နှုတ်ထွက်ခဲ့ပြီး အသင်းအမှုဆောင်နှင့် အသင်းစာရင်းစစ်များအား အဆိုပြုစနစ်ဖြင့်ရွေးချယ်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဒေါ်ခင်ဝင်းအောင်၊ အတွင်းရေးမှူးအဖြစ် ဒေါ်ကြည်ကြည်မေ၊ စာရင်းစစ်များအဖြစ် ဒေါ်တင်နှင်းခိုင်၊ ဒေါ်သူဇာစိုးနှင့် ဒေါ်ဇူဇီထွန်း တို့ဖြစ်ကြောင်း ကြေညာသည်။ ထို့နောက် ရွေးချယ်ခံရသော အသင်းအမှုဆောင်နှင့်အသင်း စာရင်းစစ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်