Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးနေမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


20 Jul,2026

ဖြူး  ဇူလိုင်  ၂၀

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် သမဝါယမကဏ္ဍမှ  နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရေဆင်းပေါ်ဆန်း(၂)၊ ဧရာမင်းနှင့် ထိုင်းနှံကောက်စပါးမျိုး တို့အား လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်း အသင်းပိုင် စိုက်ပျိုးနိုင်သောမြေ (၅၁၂)ဧက ပေါ်တွင် မိုးစပါးမျိုးစေ့ထုတ် (၁၅၀)ဧက၊   စားစပါး  (၃၆၂)ဧက တို့ကို   စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး သမဝါယမအသင်းသားတောင်သူ ဦးထွန်းအောင်ကျော်  စိုက်ပျိုးထားသော မိုးစပါး( ထိုင်းနှံကောက် ) မျိုးစေ့ထုတ် (၇)ဧက စိုက်ပျိုးနေမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့၍ စနစ်ကျသောစိုက်ပျိုးရေးဖြစ်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်