ဇူလိုင် ၁၆၊ ၂၀၂၆ ခုနှစ်
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၆ ရက် နံနက် ၈ နာရီအချိန်တွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာန (၁၁) ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ မော်ကွန်းထိန်းများ၊ ဆရာ၊ ဆရာမများနှင့် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ပထမပိုင်းအခမ်းအနားတွင် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများက ပါမောက္ခချုပ်နှင့်တကွ ဆရာကြီး၊ ဆရာမကြီးများအား လက်ဆယ်ဖြာထိပ်မှာမိုး၍ ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး ဂါရဝပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာဥမ္မာစံက ပထမနှစ်ကျောင်းသား၊ ကျောင်းသူများအား ဩဝါဒစကား ပြောကြားရာတွင် မိမိတို့တက္ကသိုလ်သည် စီးပွားရေးပညာရပ်များနှင့် စီးပွားရေးပညာရပ်များကို အထောက်အကူပြုသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးနေသည့် တက္ကသိုလ်တစ်ခုဖြစ်သည်နှင့်အညီ ကျောင်းသား/သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အချင်းပြည့်ဝသော စွမ်းဆောင်နိုင်မှုရှိသော အနာဂတ်အတွက် ထူးချွန်ထက်မြက်သော စီးပွားရေးပညာရှင်များ ဖြစ်အောင်ကြိုးပမ်းကြစေလိုကြောင်း၊ သင်ယူတတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာများကို အခြေခံကာ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိရှိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစား အားထုတ်ကြရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံကာ မိဘဆရာသမားများ အားထားရသည့် ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်နှင့် ဘဝခရီးလမ်းတွင် အမှား၊ အမှန်၊ အကောင်း၊ အဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန် လမ်းမှန်တည့်မတ်ပေးသည့် ဆရာ၊ ဆရာမများ၏ ကျေးဇူးကို သိတတ်ကြရန် မှာကြားကာ ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပြီး မိမိတက္ကသိုလ်၊ မိမိဒေသနှင့် နိုင်ငံတော်အတွက် အားထားရသူများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား)တို့ကလည်း ကျောင်းသား၊ ကျောင်းသူများအား ဆုပေးဩဝါဒစကားများ အသီးသီး ပြောကြားခဲ့ကြပြီး မဟာတန်းကျောင်းသားတစ်ဦးမှ ပထမနှစ်ကျောင်းသား/သူများကို ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက်ပထမနှစ် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ပထမပိုင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်