မင်းဘူး ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဝါစိုက်ပျိုးမည့် သမဝါယမ အသင်းသား တောင်သူများ သီးနှံစိုက်ပျိုးချိန် အထောက်အကူပြုစေရန်အတွက် မျိုးနှင့်သွင်းအားစု များ ပေးအပ်ခြင်းကို မြို့နယ်သမဝါယမအသင်းစုရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မေလတ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လူမှုစီးပွားမြှင့်တင်ရေး(သက်တံ့ရောင်)စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် သီးကုန်းကျေးရွာမှ အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပေးအပ် ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သီးကုန်းမွေးမြူရေးနှင့် အထွေထွေ သမဝါယမအသင်းသား တောင်သူပေါင်း (၃၃) ဦးအား ဝါသီးနှံစိုက်ဧက (၆၅) ဧကစာတွက် စုစုပေါင်း ငွေကျပ် (၁၅,၃၄၀,၀၀၀) နှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများကို တောင်သူလက်ဝယ်သို့ ပေးအပ် ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်