Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့၌ မိုးစပါး စိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်( သမဝါယမကဏ္ဍ)မှ (၁)ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း(၂၅၀)နှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲ ကျင်းပ


23 Jul,2026

မြိတ်  ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးရေး စီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ (၁)ဧက အထွက်နှုန်းတိုးစေရန် သမဝါယမအသင်းသား တောင်သူများအား ကျပ်သန်း(၂၅၀)နှင့် ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲကို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။

မျိုးစပါး သွင်းအားစုပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင် ဒေါ်မွန်မွန်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုး က မျိုးစပါး သွင်းအားစုများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု ဒု-ဥက္ကဋ္ဌ ဦးထွန်းမင်းက သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါး စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်း များမှ အသင်းသားတောင်သူ (၉၄)ဦး၏ မိုးစပါးစိုက်ပျိုးဧက (၁၀၀၀)အတွက် ကျပ်သန်း(၂၅၀)နှင့် ညီမျှသော မျိုးစပါး(၂၀၀၀)တင်း၊ ကွန်‌ပေါင်းဓာတ်မြေဩဇာ (၅၃၁)အိတ်၊ သဘာဝဓာတ်မြေဩဇာ (၁၆၈)အိတ်၊ ပုလဲဓာတ်မြေဩဇာ (၅၀၆)အိတ်တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများအား အသီးသီးပေးအပ်ကြရာ အသင်းသား တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်