Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ်တွင် ဝဿန်ဦး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကျင်းပ


27 Jul,2026

စေတုတ္တရာ ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ဝဿန်ဦးငွေစုငွေချေးအသင်း လီမိတက်၏၂၀၂၅-၂၀၂၆  ဘဏ္ဍာနှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ဝဿန်ဦးငွေစုငွေချေးသမဝါယမအသင်းလီမိတက် သဘာပတိအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်တို့က အဖွင့်အမှာစကား ပြောကြားသည်။ အသင်းအမှုဆောင် ဦးအောင်မြင့်တင်နှင့် ဦးခင်မောင်ရီတို့က အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ် ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြား၍ အသင်းသားကိုယ်စားလှယ်များ၏ ဆန္ဒရယူ၍ သဘာပတိမှ အတည်ပြုခဲ့ပြီး အသင်းသားများ စုဆောင်းငွေအပေါ် အတိုးများ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ဒုတိယပိုင်းအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်   သဘာပတိအ​ဖြစ်တာဝန်ယူ၍အမှုဆောင် ဒါရိုက်တာအဖွဲ့ ၅ ဦးနှင့် အသင်းစာရင်းစစ် ၂ ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။ အဆိုပါရွေးချယ် တင်မြှောက်ခံရ သည့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ၅ ဦးမှာ အချင်းချင်း တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ်ကြောင်းသိရသည်။

ဆန်းကိုကို(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်