နေပြည်တော် ဩဂုတ် ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကော်ဖီသမဝါယမအသင်း၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးသို့ ရောက်ရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများတွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရေးဆွဲရာမှာ မြေပြင်အချက်အလက် များ မှန်ကန်စွာ ကောက်ယူပြီး သုံးသပ်ဖော်ထုတ်ချက်၊ ပြည်နယ်အစိုးရအဖွဲ့ အစီအမံနှင့် ချိတ်ဆက်၍ နှစ်အလိုက် လက်တွေ့ကျပြီးထိရောက်အကျိုးရှိသော၊ အကျိုးပြုမှုများသော လုပ်ငန်းများကို ဦးစားပေးရွေးချယ်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့ရှိ Green Gold ကော်ဖီသမဝါယမ အသင်း၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေမှုများကို ကြည့်ရှုအားပေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများနှင့် ပြည်တွင်းပြည်ပသို့ တင်ပ ရောင်းချနေမှုများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ကော်ဖီစိုက်သမဝါယမအသင်းသားတောင်သူများ စနစ်တကျတိုးချဲ့စိုက်ပျိုးနိုင်ရေး ဝန်ကြီးဌာနမှ လိုအပ်သည့် သွင်းအားစုနှင့်အရင်းအနှီးများရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားပြီး ကော်ဖီစိုက်တောင်သူများ၏ တင်ပြချက်များကိုပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာငါးရွာရှိ အိမ်ခြေ ၁၈၆ အိမ်၊ လူဦးရေ ၉၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်တို့ကို တိုက်ရိုက် အကျိုးပြုပေးနိုင်မည့် အောင်ပွဲ - ကုန်းတလေး - တဖူးကိုင်း - လွယ်တဝိုင်း - ဟိုနမ့်ကျေးရွာ ကျေးရွာ ချင်းဆက်လမ်း ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ကျေးလက်လမ်း တံတားလုပ်ငန်းများ သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန်နှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများပူးပေါင်းပါဝင်ပြီး ကိုယ်တိုင် တာဝန်ယူစီမံဆောင်ရွက်ကြရန်နှင့် ကျေးရွာကော်မတီများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြားပါသည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်ရှိ Coffeeneo စက်ရုံသို့ ရောက်ရှိပြီး စက်ရုံလည်ပတ်နေမှုနှင့် ထုတ်လုပ်ပုံအဆင့်ဆင့်တို့အား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူမှ လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန၊ သမဝါယမ စာရင်းရေး စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)သို့ သွားရောက်ပြီး သင်တန်းကျောင်း ခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် ကျေးလက်လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သင်တန်းကျောင်းဖွင့်လှစ် ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် သမဝါယမစနစ်ကို မဏ္ဍိုင်ပြုပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် ဦးစီဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာ လုပ်ငန်းများ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူပူးပေါင်းပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း၊ ပြည်သူကိုယ်တိုင် စီမံခန့်ခွဲသော စီမံကိန်းများဖြစ်စေရေး စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သင်တန်း ကျောင်းအနေဖြင့် သင်တန်းနည်းပြများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးရန် လိုအပ် ကြောင်း၊ နိုင်ငံတော်မှပညာရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းဆင်းလျှင်လည်း အလုပ်အကိုင်အခွင့်လမ်းရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူ များအား အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ကြောင်း၊ ကျောင်းသားကျောင်းသူ များမှလည်း ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) သို့သွားရောက်ပြီး သင်တန်းသား သင်တန်းသူများ လက်တွေ့သင်ကြားနေမှု အခြေအနေများအားလည်းကောင်း၊ စာသင်ဆောင်များ၊ သင်တန်းသားအိပ်ဆောင်များအားလည်းကောင်း လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ယက္ကန်းကျောင်းများအဆင့်မြှင့်တင်ရန်နှင့် ဈေးကွက်လိုအပ်ချက်ကိုလေ့လာပြီးဆောင်ရွက်သွားရန်၊ သင်တန်းကျောင်း၏ ဥပဓိရုပ်ကောင်းမွန်စေရေး သန့်ရှင်း သာယာလှပရေး စနစ်တကျ ဆောင်ရွက် သွားရန်နှင့် သင်တန်းသားသင်တန်းသူများ၏ စားသောက်နေထိုင်ရေးကိစ္စရပ်များ အဆင်ပြေအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်